Skip to content
AI Agent Myanmar
ဝန်ဆောင်မှုများ

Agent တည်ဆောက်တာကနေ dashboard အထိ တစ်ခါတည်း

သင့်လုပ်ငန်းအတွက် AI Sales Agent ကို တည်ဆောက်ပေးတယ်၊ သုံးနေတဲ့ channel တွေနဲ့ ချိတ်ဆက်ပေးတယ်၊ စီမံဖို့ dashboard ပါ ဆောက်ပေးပါတယ်။

1 · Agent တည်ဆောက်ခြင်း

သင့်လုပ်ငန်းရဲ့ လုပ်ပုံလုပ်နည်းအတိုင်း တည်ဆောက်ပေးတယ်

လုပ်ငန်းတိုင်းမှာ ကိုယ်ပိုင် ရောင်းချပုံ၊ ဖောက်သည်ကို ဝန်ဆောင်မှုပေးပုံ ရှိပါတယ်။ Agent ကို အဲဒီပုံစံအတိုင်း စကားပြော၊ အလုပ်လုပ်အောင် တည်ဆောက်ပေးပါတယ်။

တည်ဆောက်ဖို့ သင့်ဘက်က ပြောပြပေးရမှာ

  • ရောင်းတဲ့ ပစ္စည်း / ဝန်ဆောင်မှုနဲ့ ဈေးနှုန်းများ
  • ဖောက်သည်တွေ မေးလေ့ရှိတဲ့ မေးခွန်းများ
  • အော်ဒါလက်ခံပုံ ဒါမှမဟုတ် စာရင်းသွင်းပုံ အဆင့်ဆင့်
  • ဖောက်သည်ဆီက ကောက်ယူချင်တဲ့ အချက်အလက်များ

Agent ရဲ့ အလုပ်စဉ် (အဝတ်အထည်ဆိုင် ဥပမာ)

  1. 1မေးခွန်းဖြေ
  2. 2အော်ဒါကောက်
  3. 3ငွေလွဲ လက်ခံ
  4. 4Delivery အကြောင်းကြား
2 · Channel ချိတ်ဆက်ခြင်း

ဖောက်သည်တွေ စာပို့နေကျ နေရာမှာပဲ Agent က ဖြေပေးတယ်

Messenger၊ Telegram၊ TikTok တို့ထဲက သင့်လုပ်ငန်း သုံးနေတဲ့ channel တွေနဲ့ Agent ကို ချိတ်ဆက်ပေးပါတယ်။ ဖောက်သည်တွေအနေနဲ့ app အသစ်၊ နေရာအသစ် ပြောင်းစရာမလိုပါဘူး။

Messenger
Facebook Page ရဲ့ Messenger စာတွေ
Telegram
လုပ်ငန်းရဲ့ Telegram စာတွေ
TikTok
TikTok account ရဲ့ စာတွေ
AI Sales Agent
စာများဖောက်သည်များအော်ဒါများ
3 · Dashboard

စာ၊ ဖောက်သည်၊ အော်ဒါ — တစ်နေရာတည်းက စီမံမယ်

လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေက channel တစ်ခုချင်းစီကို လိုက်ဖွင့်ကြည့်နေစရာမလိုဘဲ dashboard တစ်ခုတည်းကနေ ကြည့်ရှုစီမံနိုင်ပါတယ်။

စာများ

ချိတ်ဆက်ထားတဲ့ channel အားလုံးက စာတွေနဲ့ Agent ပြန်ဖြေထားတာတွေကို တစ်နေရာတည်းမှာ ကြည့်နိုင်ပါတယ်။

ဖောက်သည်အချက်အလက်

Agent စုဆောင်းထားတဲ့ နာမည်၊ ဖုန်း၊ လိပ်စာ စတဲ့ ဖောက်သည်အချက်အလက်တွေကို ပြန်ကြည့်နိုင်ပါတယ်။

အော်ဒါများ

Agent ကောက်ထားတဲ့ အော်ဒါတွေကို စာရင်းအလိုက် ကြည့်ရှုစီမံနိုင်ပါတယ်။

သင့်လုပ်ငန်းအတွက် AI Sales Agent က ဘာတွေ ကူညီပေးနိုင်မလဲ?

Telegram ကနေ တိုက်ရိုက်ဆက်သွယ်ပြီး သင့်လုပ်ငန်းအကြောင်း ဆွေးနွေးကြည့်ပါ။